မင်္ဂလာပါရှင်။ ✨တစ်ကိုယ်ရည်သုံးအတွက်ဖြစ်ဖြစ်၊ ချစ်ရတဲ့သူတွေကို လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် ဘန်ကောက်ကနေ တိုက်ရိုက် ကြားခံလူမလိုဘဲ ပစ္စည်းတွေ ဝယ်ယူချင်နေတဲ့သူတွေအတွက် Sparkles တို့ရဲ့ One-Stop Premium Personal Shopper Service (Retail) အကြောင်းကို အသေးစိတ် ရှင်းပြပေးလိုက်ပါတယ်နော်။
Sparkles ဟာ Wholesale Supplier အပြင် Retail Personal Shopper ဝန်ဆောင်မှုကိုပါ ၁၀၀ ရာခိုင်နှုန်း အာမခံချက်အပြည့်နဲ့ တာဝန်ယူ ဝယ်ယူပို့ဆောင်ပေးနေတဲ့ Premium One-Stop Service ဖြစ်ပါတယ်ရှင်။
📝 How to Order (အော်ဒါ ဘယ်လိုမှာရမလဲ?)
Retail Shopper Customers များအတွက် အောက်ပါအတိုင်း အဆင့်ဆင့် ဝန်ဆောင်မှုပေးပါတယ်
- ပစ္စည်းရွေးချယ်ခြင်း: ဝယ်လိုသော ပစ္စည်း Link သို့မဟုတ် ပစ္စည်း ဓာတ်ပုံများကို ပေးပို့၍ စတင်မှာယူလိုက်ပါ
- အတည်ပြုခြင်း: မှာယူလိုသော ပစ္စည်းကုန်ကျစရိတ်ကို Tracking ပါဝင်သော Digital Invoice စနစ်ဖြင့် လက်ခံစစ်ဆေးပါ. စစ်ဆေးပြီး မှန်ကန်ပါက ကျသင့်ငွေအားပေးချေ၍ Order Confirm အတည်ပြုပါ
- လျှင်မြန်သောဝန်ဆောင်မှု: Order Confirm ဖြစ်တာနှင့် ဝယ်ယူမှုစတင်မည်ဖြစ်ပြီး မှာယူချိန်မှစ၍ ၅ ရက်မှ ၉ရက်အတွင်းရန်ကုန်သို့ရောက်ရှိမည်ဖြစ်ပါသည်
- ပြည်တွင်းပစ္စည်း ထုတ်ယူပို့ဆောင်ခြင်း: ရန်ကုန်သို့ ရောက်ရှိလာချိန်တွင် ပြန်လည်ဆက်သွယ်ပေးမည်ဖြစ်ပြီး ကိုယ်တိုင်လာရောက်ထုတ်ယူခြင်း၊ အိမ်အရောက် Delivery ပို့ဆောင်ခြင်း (သို့) နယ်မြို့နယ်များအတွက် ကားဂိတ်အပ်ပေးခြင်းမှတဆင့် လက်ခံရယူပါ

🌟 ဘာကြောင့် Sparkles ရဲ့ Personal Shopper Service ကို ရွေးချယ်သင့်သလဲ?
- Fast Delivery: ပစ္စည်းမှာယူပြီး ၅ ရက်မှ ၉ ရက်အတွင်း ရန်ကုန်အရောက် လျှင်မြန်စွာ ပို့ဆောင်ပေးပါတယ်။
- 100% Guarantee: ပစ္စည်းအပျောက်အရှ၊ အပျက်အစီးများအတွက် အပြည့်အဝ တာဝန်ယူပေးတဲ့ One Stop Shopper Service ဖြစ်ပါတယ်။
- Authentic Guarantee (ပစ္စည်းစစ်မှန်မှု အာမခံချက်): ဝယ်ယူပေးသော Authentic Product များ အတုအပဖြစ်ပါက ပစ္စည်းတန်ဖိုး နှစ်ဆ (2x) Refund ပြန်ပေးတဲ့ အာမခံချက်ပေးပါတယ်။
- End-to-End Service: ကာဂိုအတွက် သီးသန့်စိတ်ပူစရာမလိုဘဲ၊ ရန်ကုန်မှတစ်ဆင့် မြန်မာနိုင်ငံမြို့နယ်အနှံ့ကိုပါ Delivery သို့မဟုတ် ကားဂိတ်များမှတစ်ဆင့် အိမ်အရောက် ပို့ဆောင်ပေးပါတယ်။
- Up-to-date Trend & Sales: Sales နှင့် Promotion Events များ ခေတ်ပေါ Trendy ဖြစ်သောပစ္စည်းများနှင့် လူကြိုက်များသော products များကို အလွယ်တစ်ကူဝယ်ယူနိုင်ရန် Update အမြဲဖြစ်ခြင်း။
- Flexible Payments: ထိုင်းဘတ်ရော မြန်မာကျပ်ငွေပါ ပေါက်ဈေးအတိုင်း အဆင်ပြေပြေ ပေးချေနိုင်ပါတယ်။
🛍️ ဘယ်လိုပစ္စည်းတွေ ဝယ်ယူနိုင်သလဲ? (Sourcing Channels)
ကြိုက်နှစ်သက်ရာ International Brands တွေရော၊ Local Brands တွေကိုပါ Online နဲ့ Walk-in နည်းလမ်းမျိုးစုံနဲ့ တစ်နေရာတည်းမှာ ဝယ်ယူပေးနေပါတယ်
- Online Stores: SHEIN, Lazada, Shopee, TikTok Shop, Watsons, Konvy, EVEANDBOY စသည်တို့ မှ products များ။
- Walk-In (ကိုယ်တိုင်သွားရောက်ဝယ်ယူမှု): Central Malls, Siam Malls, BigC, Marketplaces စသည်တို့။
- Branded Items: High-end Luxury Products, Electronics, Fashion & Accessories, Perfumes, Cosmetics စတဲ့ နိုင်ငံတကာ Brands များ။
- Thai Local Brands: SRETSIS, Disaya, NaRaYa, PHUTAWAN, BOYY, Cicelle, Hello Polo, Corolla စသဖြင့် ထိုင်းပြည်တွင်းထုတ် quality စိတ်ချရသောပစ္စည်းများ။
- Special Services: Electronics, Phones တွေအတွက် VAT Refund Service နဲ့ Liquor, Cosmetics တွေအတွက် Duty Free Products ဝန်ဆောင်မှု။

💰 Retail ဈေးနှုန်းနှင့် ဝန်ဆောင်ခ (Service Rates)
Personal Shopper (Retail) အော်ဒါများအတွက် ဝယ်ယူမည့် ပမာဏနှင့် အမျိုးအစားအပေါ်မူတည်ပြီး အောက်ပါအတိုင်း ဝန်ဆောင်ခများ သတ်မှတ်ထားပါတယ်-
| 🛍️ Retail ဝန်ဆောင်မှုအမျိုးအစား | 💵 အနည်းဆုံး Order Amount | 📊 ဝန်ဆောင်မှု Service Rate (%) |
|---|
| Walk In | ဘတ် 3,000 နှင့်အထက် | 15% |
| Online | ဘတ် 2,000 နှင့်အထက် | 10% |
| | |
💡 မှတ်ချက် - ဝန်ဆောင်ခများသည် ပစ္စည်းတန်ဖိုးအတွက်သာဖြစ်ပြီး Bangkok - Yangon ကာဂိုပို့ဆောင်ခ မပါဝင်သေးပါဘူးနော်။

🚚 Cargo ပို့ဆောင်မှု နှင့် ပစ္စည်းလက်ခံရရှိခြင်း (Delivery to Home Service Process)
Personal Shopper Service ပစ္စည်း orders များကို Air Cargo သီးသန့်ဖြင့်သာ ၁၀၀ရာခိုင်နှုန်းတာဝန်ယူ အာမခံဖြင့် ပို့ဆောင်ပေးပါတယ်။
- ✈️ Air Cargo (ကိုယ်တိုင် - အာမခံ): 5-9 Days (အပတ်စဉ်) - ရန်ကုန်နှင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးသို့ ပို့ဆောင်ပေးပါတယ်။
- ✈️ Air Cargo (3rd Party - အာမခံ): 7-10 Days (အပတ်စဉ်) - ရန်ကုန်နှင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးသို့ ပို့ဆောင်ပေးပါတယ်။
- 🚛 Land Cargo: 1 - 3 Weeks (နှစ်ပတ်တစ်ကြိမ်) - ဘားအံ၊ မော်လမြိုင်၊ တာချီလိတ်၊ ကော့သောင်း၊ ရန်ကုန် မြို့များသို့ ပို့ဆောင်ပေးပါတယ် (လမ်းကြောင်းအခြေအနေအရ အပြောင်းအလဲရှိနိုင်ပါတယ်)။
အရည်အသွေးစိတ်ချရပြီး တာဝန်ယူမှုအပြည့်ရှိတဲ့ Personal Shopper ဝန်ဆောင်မှု ရှာနေတယ်ဆိုရင်တော့ အောက်ဆုံးမှ Social Media Channels တွေမှတစ်ဆင့် Sparkles တို့ကိုသာ ဆက်သွယ်လိုက်ပါနော်။ 🌟