မင်္ဂလာပါရှင်။ ✨မြန်မာနိုင်ငံကနေ ဘန်ကောက်ကို တိုက်ရိုက် ကြားခံလူမလိုဘဲ ကိုယ်ပိုင်စီးပွားရေးအတွက်ဖြစ်ဖြစ်၊ Online Shop အတွက်ဖြစ်ဖြစ် လက္ကား (Wholesale) ပစ္စည်းတွေ ဝယ်ယူချင်သူ လုပ်ငန်းရှင်များအတွက်အတွက် Sparkles ရဲ့ One-Stop Wholesale Supplier Service အကြောင်းကို အသေးစိတ် ရှင်းပြပေးလိုက်ပါတယ်နော်။
Sparkles ဟာ Wholesale Supplier နှင့် Retail Personal Shopper ဝန်ဆောင်မှုနှစ်ခုလုံးကို ၁၀၀ ရာခိုင်နှုန်း အာမခံချက်အပြည့်နဲ့ တာဝန်ယူ ဝယ်ယူပို့ဆောင်ပေးနေတဲ့ Premium One-Stop Service ဖြစ်ပါတယ်ရှင်။

📝 How to Order (အော်ဒါ ဘယ်လိုမှာမလဲ?)
Sparkles မှတစ်ဆင့် လက္ကားအော်ဒါများကို အောက်ပါအချက်များဖြင့် လွယ်ကူစွာ မှာယူနိုင်ပါတယ်
- ပစ္စည်းရွေးချယ်ခြင်း: Sparkles တို့ Wholesale Telegram Channel မှဝယ်လိုသော ပစ္စည်းများ သို့မဟုတ် အခြားဝယ်လိုသော ပစ္စည်း Link သို့မဟုတ် ပုံများကို ရွေးချယ်ပေးပို့ပါ
- အတည်ပြုခြင်း: မှာယူထားသောပစ္စည်းအရေအတွက်နှင့် ဝန်ဆောင်ခ၊ ပို့ဆောင်ခများကို Tracking ပါဝင်သော Digital Invoice စနစ်ဖြင့် လက်ခံစစ်ဆေးပါ. စစ်ဆေးပြီး မှန်ကန်ပါက ပစ္စည်းဖိုး + ဝန်ဆောင်ခ အားပေးချေ၍ Order Confirm အတည်ပြုပါ
- ဝယ်ယူမှုနှင့် ပို့ဆောင်မှု အတည်ပြုခြင်း: Order Confirm ဖြစ်တာနှင့် ဝယ်ယူမှုစတင်မည်ဖြစ်ပြီး ဝယ်ယူပစ္စည်းများအား cargo မပို့ခင် စစ်ဆေးခြင်း အလေးချိန်ခြင်းများပြုလုပ်ပေးပြီး ပို့ဆောင်မည့် နည်းလမ်း Air Cargo/ Land Cargo စနစ်များအားရွေးချယ်ပါ
- ပြည်တွင်းပစ္စည်း ထုတ်ယူပို့ဆောင်ခြင်း: ရန်ကုန်သို့ ကုန်ပစ္စည်းရောက်ရှိလာချိန်တွင်သာ ပို့ဆောင်မှု ကုန်ကျစရိတ်ပေးချေရမည်ဖြစ်ပြီး ကိုယ်တိုင်လာရောက်ထုတ်ယူခြင်း၊ အိမ်အရောက် Delivery ပို့ဆောင်ခြင်း (သို့) နယ်မြို့နယ်များအတွက် ကားဂိတ်အပ်ပေးခြင်းမှတဆင့် လက်ခံရယူပါ
🌟 ဘာကြောင့် Sparkles ရဲ့ Wholesale Service ကို ရွေးချယ်သင့်သလဲ?
- Direct Pricing (ကြားခံမလို): ဘန်ကောက်မှ ပစ္စည်းမှန်၊ ဈေးမှန် One-stop Wholesale Supplier ဝန်ဆောင်မှုကို ကြားခံလူမလိုဘဲ ဝယ်ယူနိုင်ပါတယ်။
- Fast Delivery: ပစ္စည်းမှာယူပြီး ၅ ရက်မှ ၉ ရက်အတွင်း ရန်ကုန်အရောက် လျှင်မြန်စွာ ပို့ဆောင်ပေးပါတယ်။
- 100% Guarantee: ပစ္စည်းအပျောက်အရှ၊ အပျက်အစီးများအတွက် အပြည့်အဝ တာဝန်ယူပေးခြင်း အပတ်စဥ် Air Cargo ကိုယ်တိုင်ဆင်းသည့်အပြင် အခြားယုံကြည်စိတ်ချရသော 3rd party Air Cargo Service များဖြင့် အသုံးပြုဝန်ဆောင်မှုပေးခြင်း။
- End-to-End Service: ဘန်ကောက်မှ ရန်ကုန်သို့ Cargo များပါအပြင် ရန်ကုန်မှတစ်ဆင့် မြန်မာနိုင်ငံမြို့နယ်အနှံ့ကိုပါ Delivery သို့မဟုတ် ကားဂိတ်များမှတစ်ဆင့် အိမ်အရောက် ပို့ဆောင်ပေးပါတယ်။
- Flexible Payments: ထိုင်းဘတ်ရော မြန်မာကျပ်ငွေပါ ပေါက်ဈေးအတိုင်း အဆင်ပြေပြေ လက်ခံပေးပါတယ်။

🛍️ ဘယ်လိုပစ္စည်းတွေ ဝယ်ယူနိုင်သလဲ? (Sourcing Channels)
လုပ်ငန်းရှင်များနဲ့ Online Shop Orderများအတွက် အောက်ပါနေရာများမှ ပစ္စည်းများကို အဓိကထား ဝယ်ယူပေးနေပါတယ်
- Online Stores: SHEIN, Lazada, Shopee, TikTok Shop, Watsons, Konvy, EVEANDBOY စသည်တို့။
- Walk-In (ကိုယ်တိုင်သွားရောက်ဝယ်ယူမှု): Central Malls, Siam Malls, BigC, Local Markets, Night Markets, Wholesale Markets, Pratunam Clothing & Accessories စသည်တို့။
- Branded Items: Uniqlo, Adidas, Nike, PopMart ကဲ့သို့သော International Brands များအပြင် SRETSIS, NaRaYa, Hello Polo စသည့် Thai Local Brands မျိုးစုံ။
💡 မှတ်ချက် - Wholesales ဈေးနှုန်းများသည် ပစ္စည်းတန်ဖိုးသီးသန့်သာဖြစ်ပြီး Bangkok - Yangon ကာဂိုပို့ဆောင်ခ မပါဝင်ပါ။

💰 Wholesale ဈေးနှုန်းနှင့် ဝန်ဆောင်ခ (Service Rates)
Wholesale Order များအတွက် ဝယ်ယူမည့် ပမာဏနှင့် အမျိုးအစားအပေါ်မူတည်ပြီး အောက်ပါအတိုင်း ဝန်ဆောင်ခများ သတ်မှတ်ထားပါတယ်ရှင်
| 📦 Wholesale ဝန်ဆောင်မှုအမျိုးအစား | 💵 အနည်းဆုံး Order Amount | 📊 ဝန်ဆောင်မှု Rate (%) |
|---|
| Walk-In (ပစ္စည်းအစုံ) | ဘတ် 30,000 နှင့် အထက် | 10% |
| Walk-In (Clothing, Handbags, etc) | ဘတ် 3,000 နှင့် 30,000 ကြား | 13% |
| Online (ပစ္စည်းအစုံ) | ဘတ် 2000 - 10,000 ကြား | 7% |
| Online | ဘတ် 10,000 နှင့် အထက် | 5% |
| SHEIN (Online) | ဘတ် 3,000 နှင့် အထက် | 0% (Service Free!) |
| SHEIN (Online) | ဘတ် 3,000 အောက် | 5% |
| VAT Refund (Electronic, Phones, etc) | ဘတ် 10,000 နှင့် အထက် | 10% |
| Duty Free (Liquor, Cosmetics, etc) | ဘတ် 3,000 နှင့် အထက် | 10% |
💎 ၁၀ ဘတ်တန် Fancy နှင့် Accessories များအတွက် အထူးအစီအစဉ်
၁၀ ဘတ်တန် Market မှ ဝယ်ယူလိုသူများအတွက် ၁၀ ဘတ်တန်ပစ္စည်းများကို တစ်ခုလျှင် 2,400 ကျပ်မှစ၍ ဝယ်ယူနိုင်ပါတယ်။
- အနည်းဆုံးအရေအတွက်: ၁၂၀ ခု မှစတင် ဝယ်ယူနိုင်ပါတယ်။
- စည်းကမ်းချက်: ပစ္စည်းတစ်မျိုးကို အနည်းဆုံး ၁၂ ခု ယူပေးရပါမည် (ဒီဇိုင်း၊ အရောင် မတူ အရောရွေးချယ်လို့ရပါတယ်)။
- ဥပမာ: နားကပ် ၁၂ ခု၊ ဘီးကုပ် ၁၂ ခု၊ Keychain ၁၂ ခု စသဖြင့် အရောဝယ်ယူနိုင်ပါတယ်။

🚚 Cargo နှင့် ပို့ဆောင်မှု (Shipping Options)
ကုန်ပစ္စည်းများကို ရန်ကုန်မြို့သို့ လျင်မြန်စိတ်ချစွာဖြင့် အောက်ပါ Cargo နည်းလမ်းများအတိုင်း ပို့ဆောင်ပေးနေပါတယ်
- ✈️ Air Cargo (ကိုယ်တိုင် - အာမခံ): 5-9 Days (အပတ်စဉ်) - ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးသို့ ပို့ဆောင်ပေးပါတယ်။
- ✈️ Air Cargo (3rd Party - အာမခံ): 7-10 Days (အပတ်စဉ်) - ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးသို့ ပို့ဆောင်ပေးပါတယ်။
- 🚛 Land Cargo: 1 - 3 Weeks (နှစ်ပတ်တစ်ကြိမ်) - ဘားအံ၊ မော်လမြိုင်၊ တာချီလိတ်၊ ကော့သောင်း၊ ရန်ကုန် မြို့များသို့ ပို့ဆောင်ပေးပါတယ်။
- ပြည်တွင်းပြန်လည်ပို့ဆောင်ခြင်း: ရောက်ရှိလာသော ကုန်ပစ္စည်များအား ရန်ကုန်မှတစ်ဆင့် မြန်မာနိုင်ငံမြို့နယ်အနှံ့ကိုပါ Delivery Service များ Taxi Service များသို့မဟုတ် ကားဂိတ်များမှတစ်ဆင့် အိမ်အရောက် ပြန်လည်ပို့ဆောင်ပေးပါတယ်။
📌 သတိပြုရန် - လမ်းကြောင်းအခြေအနေအရ Land Cargo ကြာချိန်နှင့် ရောက်ရှိမည့်မြို့များ အပြောင်းအလဲ ရှိနိုင်ပါတယ်။
အရည်အသွေးစိတ်ချရပြီး တာဝန်ယူမှုအပြည့်ရှိတဲ့ Personal Shopper ဝန်ဆောင်မှု ရှာနေတယ်ဆိုရင်တော့ အောက်ဆုံးမှ Social Media Channels တွေမှတစ်ဆင့် Sparkles ကိုသာ ဆက်သွယ်လိုက်ပါနော်။ 🌟